thumb2

အေ.စီ.အီး အုပ်စုကုမ္ပဏီများလီမိတက်သည် အင်အားတောင့်တင်းပြီး ခိုင်မာသောကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လျှက်ရှိပါသည်။ စီးပွားရေးလုပ်ငန်း များ ဦးဆောင်နေသူသည် မြန်မာနိုင်ငံတွင် ရိုးသားစွာ ကြိုးစားနေသော တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး တွင် ထိပ်ဆုံးကပါဝင်နေသူ တစ်ဦးဖြစ်သည်။ သူ၏အတွေ့အကြုံကောင်းများက တွန်းအား တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ Customer များ၊ အကျိုးတူလုပ်ငန်းရှင်များကို အကောင်းဆုံးအောင်မြင်မှုများ ယူဆောင်ပေးခဲ့သည်မှာ ဆယ်စုနှစ် (၃)ခုစာ ရှိခဲ့ပြီးဖြစ်ပါတယ်။ ဆောင်ရွက်ချက်နှင့် ဝန်ဆောင်မှုများ ကောင်းမွန်စေရန် အစဉ် မျှော်မှန်းလုပ်ဆောင်လျှက်ရှိသည်။
ယခုအခါ နေပြည်တော်တွင် ရုံးချုပ်အသစ်ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။ ကျွန်ုပ်တို့၏ အေ.စီ.အီး အုပ်စုကုမ္ပဏီများလီမိတက်သည် ပြောင်းလဲနေသော ကမ္ဘာကြီးတွင် ဖွံ့ဖြိုးတိုးတက်မှုများ၏ စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရန် အဆင်သင့်ရှိနေပြီ ဖြစ်ပါသည်။ စွန့်စားမှုအသစ်၊ စီမံကိန်းအသစ်များနဲ့ အောင်မြင်မှု လမ်းကြောင်းများပေါ်တွင် ဆက်လက် လျှောက်လှမ်းမည်ဖြစ်ပါတယ်။ ကြီးမားပြီး စိတ်လှုပ်ရှားစရာကောင်းသော စီမံကိန်းများကို လုပ်ဆောင်နိုင်ရေး၊ ကြီးမားသော စူးစမ်းရှာဖွေမှုများ၊ မြင့်မားသော ရည်မှန်းချက်များထားရှိပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

I1

အေ.စီ.အီး ဆောက်လုပ်ရေးအုပ်စုကို ၁၉၈၉ခုနှစ်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် Senior President U Tint Hsan မှ စတင်ဖွဲ့စည်းခဲ့ပါသည်။ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ၁၉၉၃ခုနှစ်အထိ လက်တွဲညီညီဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၃ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၃ခုနှစ်အထိ ရန်ကုန်မြို့၏ အိမ်ရာစီမံကိန်းများ၊ နိုင်ငံတကာဟိုတယ်များ၊ နိုင်ငံတစ်ဝန်းရှိ အစိုးရစီမံကိန်းများ၊ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၃ခုနှစ်နောက်ပိုင်းတွင် နေပြည်တော်ကိုရွှေ့ပြောင်းပြီး အဓိကလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ထိုနှစ်အတွင်းမှာပင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။ အေ.စီ.အီး ဆောက်လုပ်ရေးအုပ်စုသည် နေပြည်တော်တွင် လွှတ်တော်အဆောက်အဦ အပါအဝင် နိုင်ငံတော်အဆင့် အစိုးရအဆောက်အဦများဆောက်လုပ်ခြင်း၊ အိမ်ရာစီမံကိန်းများ တည်ဆောက်ခြင်းနှင့် အဆင့်မြင့်ဟိုတယ်ကြီးများကိုလည်း အဆင့်မှီစွာ တည်ဆောက် ဆောင်ရွက်နိုင်ခဲ့ပါသည်။

Hotel4

အတွေ့အကြုံများ
အေ.စီ.အီး အုပ်စုများကုမ္ပဏီလီမိတက်သည် ၂၀၀၈ခုနှစ်တွင် ဟိုတယ်လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။ အေ.စီ.အီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအုပ်စုကို အရည်အသွင်းမြင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့် ပြည်တွင်းပြည်ပ ဧည့်သည်များကို ဝန်ဆောင်မှုပေးရန်ရည်ရွယ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပါသည်။
နေပြည်တော်မှာရှိသော ကျွန်ုပ်တို့ Royal ACE ဟိုတယ်သည် ၂၀၁၃ခုနှစ်တွင် နိုင်ငံတကာဝန်ဆောင်မှုနှင့်အညီ ဖွင့်လှစ်ခဲ့ပါသည်။ 2013 Sea Games အတွင်း နိုင်ငံခြားသား ဧည့်သည်များကို နွေးထွေးစွာကြိုဆိုပေးခြင်းဖြင့် သက်သေပြခဲ့ပါသည်။ ၂၀၁၄ခုနှစ်အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် အင်ဒိုနီးရှားသမ္မတနှင့် နောက်ပါအချွေအရံများကို နွေးထွေးစွာ ဧည့်ခံပေးခဲ့ပါသည်။ အဖွဲ့အစည်းများ၊ အစိုးရရုံးများ၊ ကုမ္ပဏီများနှင့် Supplier တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။
ကျွန်ုပ်တို့ဧည့်သည်တွေကို မိမိအိမ်သို့ရောက်ရှိလာသကဲ့သို့ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။

Plant-2

အေ.စီ.အီး စက်ယန္တရားများအုပ်စုသည် စက်ကြီးနှင့် ပစ္စည်းကိရိယာများ ကြီးမားသော တည်ဆောက်ရေးလုပ်ငန်းများကို အထူးဦးစားပေးဆောင်ရွက်သော အေ.စီ.အီး အုပ်စုများ ကုမ္ပဏီလီမိတက်၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပါသည်။ ဤကုမ္ပဏီသည် အေ.စီ.အီး ဆောက်လုပ်ရေးအုပ်စုမှ ဆောက်လုပ်သော လွှတ်တော်အဆောက်အဦနှင့် လမ်းအဝိုင်းများ၊ တည် ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလုပ်ဆောင်ခဲ့ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်ကြီးများ၊ မြေတူးစက်၊ ဘိလပ်မြေဖျော်စက်၊ မြေသယ်ယာဉ်နှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ကြီးများကို အသုံးပြုကာ ဆောက်လုပ် ရေးလုပ်ငန်းများတွင် စီမံကိန်းအမျိုးမျိုးကို ကျွမ်းကျင်စွာ ဆောင်ရွက်လျှက်ရှိပါသည်။